Popular Posts

Friday, February 4, 2011

တိုက်ပွဲခေါ်သံ

တိုက်ပွဲခေါ်သံ

ပြည်တွင်းပြည်ပတွင်ရှိသော လစ်ဘရယ်ဆိုတဲ့လွတ်လပ်တဲ့ဒီမိုကရေစီအတွက်

နအဖစစ်အာဏာရှင် စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နှင့် တော်လှန်ရေးဆင်နွှဲနေကြသော၊

မြန်မာ့အရေးကို ဆောင်ရွက်နေကြသော ရဟန်း၊ရှင်လူပြည်သူအပေါင်းနှင့်

ညီအစ်ကိုမောင်နှမများခင်ဗျား..။

လက်ရှိတိုင်းပြည်တွင် ဖြစ်ပျက်နေသော စစ်အာဏာရှင်များ၏ လူ့အခွင့်အရေး

ချိုးဖောက်မှုများ၊ ဒီပဲယင်း အရေးအခင်းကဲ့သို့ ထောင်သားကို ကတုံးတုံးပြီး သင်္ဃန်းနဲ့

ဘုန်းကြီးယောင်ဆောင် အန်တီစုကားကိုတား ညဘက်ကြီးတရားဟောခိုင်းပီး NLD

အဖွဲ့ဝင်များကို နှစ်ဘက်ပိတ်ပြီးမသေမချင်းရိုက်၊ မသေမရှင်ဖြစ်နေသူတွေ၊

သေပီးသောသူတွေကို အသင့်တူးထားတဲ့ကျင်းတွေမှာ ရောပြီးမြေမြုပ်သင်္ဂြုလ်ခဲ့တာတွေကဲ့သို့

စစ်ရာဇ၀တ်မှုကို လူမသိရှင်မကြား ကျူးလွန်ခဲ့တာတွေ၊ အနောက်ကဆိုင်ကယ် နဲ့လိုက်လာတဲ့

ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ၊ ပြည်သူလူထုတွေနာဂစ်မုန်တိုင်းကြောင့်

အတိဒုက္ခရောက်နေတာတောင်လျစ်လျူရှုပြီး ပြည်သူလူထု၏ဆန္ဒမပါပဲ

စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့အတွက် တဘက်သတ်ရေးဆွဲထားသော ၂၀၀၈

ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက်

ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ မြတ်စွာဘုရားရဲ့သားတော်ဖြစ်တဲ့ သံဃာတော်တွေ၊

ကျောင်းသားလူငယ်တွေ နဲ့ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေ၊

မနေ့ကမှဖြစ်ပေါ်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီဖြစ်တဲ့ NLD ကို

ပါတီအဖြစ်ဆက်လက်ရပ်တည်ခွင့် မပေးတော့တာတွေ၊ မနေ့ကမှသိရတဲ့ ဒိုက်ဦးမြို့နယ်တွင်

နှစ် ၄၀ ကျော် ချုပ်နှောင် ခိုင်းစားခံရသူ အမျိုးသမီး ပြန်လွတ်ပြီဆိုတဲ့ မတရားမှုမျိုးတွေ..။

စစ်မှုမထမ်းမနေရ ဥပဒေလိုမျိုး ပြည်သူလူထုရဲ့ စားဝတ်နေရေးကိုလျစ်လျူရှုပြီး စိတ်ရှိတိုင်း

ထုတ်ချင်တဲ့ဥပဒေတွေထုတ် နေတဲ့အာဏာရူးကြီးနှင့်သက်တော်ရှည်ဝန်ကြီးများ၏

စစ်အာဏာရှင်ဆိုးကြီးကိုပြည်တွင်းပြည်ပလက်တွဲပြီး..သမ
ာသမတ်ရှိတဲ့ ၈၈၈၈

ကျောင်းသားဟောင်းကြီးများရဲ့ နည်းဗျူဟာအကူအညီ၊ ပြည်ပမှမြန်မာလူငယ်ကွန်ယက်များ၏

ပြည်တွင်းကွန်ယက် ကိုထောက်ပံ့မှု၊ ပြည်တွင်းမှာရှိနေသော တက်ကြွသောကျောင်းသား

လူငယ်များ၏ စည်းရုံးလှုံဆော်မှုအားများနဲ့ ကျောင်းသားအရေးအခင်းများမှသည်

လူထုအရေးတော်ပုံသို့ရောက်အောင် ဟန်ချက်ညီညီအင်တိုက်အားတိုက်

ကြိုးစားလက်တွဲတော်လှန်ကြပါစို့..။

အတိတ်ကို သင်ခန်းစာယူ မျိုးဆက်(၃)ဆက်လက်တွဲပြီး ပြည်သူလူထုပါတီ NLD ကိုဝန်းရံပြီး

လူထုတိုက်ပွဲဆီသို့ ဒီမိုကရေစီညီအစ်ကိုမောင်နှမများ၏အားများနှင့်

မနှေးအမြန်လုပ်ဆောင်ကြပါစို့…..။ ဤနေ့ဤရက်မှစ၍ ဒီမိုကရေစီမောင်နှမများ

စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နှင့် အတူတကွလက်တွဲတိုက်ပွဲဝင်သွားကြပါစို့ဟု

ကျွန်တော်မောင်ထက်အောင် နှိုးဆော်တိုက်တွန်းအပ်ပါသည်..။

ကြွေးကြော်သံများ…..

၁။ မလွတ်လပ်တဲ့ဒီမိုကရေစီ တိုက်ထုတ်ရေး --- တို့အရေး

၂။ လွတ်လပ်တဲ့ဒီမိုကရေစီထူထောင်ရေး --တို့အရေး

၃။ အာဏာရှင်မှန်သမျှ---ဆန့်ကျင်ကြ

၎။ အရေးတော်ပုံ---အောင်ရမည် -----အရေးတော်ပုံ---အောင်ရမည်

လေးစားစွာဖြင့်

ထက်အောင်(မလေးရှား)

No comments: