Popular Posts

Friday, February 4, 2011

ကိုမောင်မောင်ဝမ်းနှင့်လူငယ်များအမေးအဖြေ (၁)

ဒီကနေ့နံနက်ပိုင်း နှင့် ညနေပိုင်းတွင် ကိုမောင်မောင်ဝမ်းနှင့်လူငယ်များ
အွန်လိုင်းတွင်တွေ့ဆုံကြရာတွင် ပြည်တွင်းပြည်ပမှာရှိသော လူငယ်များနှင့်
ကိုမောင်မောင်ဝမ်းတို့ အပြန်အလှန်ပြောကြသည်များကို ကိုမောင်မောင်ဝမ်း၏
ခွင့်ပြုချက်အရ ပြန်လည်တင်ပြအပ်ပါသည်။ (၃၀၊၁၊၂၀၀၁)

အချိန်များမှာ မလေးရှားစံတော်ချိန်ဖြစ်ပါသည်ခင်ဗျာ……။

Maung Maung Wann
3:47am
ဒီနေ့ အလုပ်နားတယ် ပြောစရာရှိပြောနော်
3:49am
do you think young people in myanmar are ready for new revolution ko 1
Maung Maung Wann
3:49am
ကျနော် တတ်နိုင်သလောက် ဒီမိုကရေစီသဘောတရားနဲ့ သမိုင်းနောက်ခံ အကျဉ်းဖော်ပြပေးတာ အစဉ်ပြေရဲ့လားး
Maung Maung Wann
3:49am
လူငယ်တွေကို တတ်နိုင်သလောက် သဘောတရားအားဖြည့်ပေးပါ
အခုချိန် နည်းနည်းစောနေသေးတယ်
တော်လှန်ရေးမှာ ရင့်မှည့်ချိန်စောင့်ဘို့လိုတယ်
3:50am
ဟုတ်
ကိုမောင်မောင်ဝမ်း
ကျွန်တော့်ကို လဲ တက်ဦးလေဗျာ
Maung Maung Wann
3:51am
မရင့်မှည့်ပဲ ချွှေ ရင် အကင်းကြွေသွားတတ်တယ်
3:51am
ကျွန်တော် ဦးဝမ်းကို စောင့်နေတာဗျ
Maung Maung Wann
3:51am
ဟုတ်လား
Maung Maung Wann
3:52am
အကို အိပ်နေတာ အခုမှ နိုးတယ်
3:52am
ဟုတ်
3:52am
သဘောတရားတွေများရင်လဲဒီမှာက သိပ်နားမ၀င်ချင်ဘူးကိုဝမ်းရဲ့ ညီမတို့ခေတ်နဲ့နဲနဲကွာသွားပီ
Maung Maung Wann
3:52am
ဒီနေ့လိုနေ့မျိုးပဲ ၆ နာရီ ရ နာရီ အိပ်ရတာလေ
Maung Maung Wann
3:53am
အစိုးရဆန့်ကျင်ရေး သက်သက်နဲ့သွားမယ်ဆို တက်မပါပဲ လှော်တဲ့ လှေလို့ဖြစ်တတ်တယ်
နိုင်ငံရေးမှာ သဘောတရားတခုရှိတယ်
သဘောတရားမပါသော လက်တွေ့သည် အကန်း
3:54am
ဟုတ်ကဲ့
Maung Maung Wann
3:54am
လက်တွေ့မပါသော သဘောတရားသည် အမြုံတဲ့
သဘောတရားနဲ့ လက်တွေ့ပေါင်းစပ်သွားရမယ်
စစ်အာဏာရှင်တွေကို တိုက်မယ်
ဟုတ်ပြီ
Maung Maung Wann
3:55am
ဘာ့အတွက်တိုက်တာလည်း ဘာကိုလိုချင်လို့လည်း
ဘာတွေလုပ်မှာလည်း
စတဲ့ အခြေခံသဘောတရားလေးးတွေ လူငယ်တွေဆွေးနွေးစေချင်တယ်

ဘာ့အတွက်တိုက်တာလည်း ဘာကိုလိုချင်လို့လည်း
ဘာတွေလုပ်မှာလည်း
စတဲ့ အခြေခံသဘောတရားလေးးတွေ လူငယ်တွေဆွေးနွေးစေချင်တယ်
3:56am
ဟုတ်ကဲ့
တိုက်ပွဲဝင်တယ်ဆို တာ နည်းလမ်းအမျိုးမျိုးရှိတယ် ဦးဝမ်း
ဘယ်နည်းလမ်းလဲ ဆိုတာ တော့ သိပါရစေ
Maung Maung Wann
3:57am
ဒီနေ့လူငယ်တွေက ခေတ်ကြောင့်လားမသိဘူး အရိပ်ပြ အကောင်ထင်တာ တော်ကြပါတယ်
3:57am
ဗျူဟာ အမျိုးမျိုးပေါ့
Maung Maung Wann
3:57am
အကိုက အကြမ်းမဖက် တဲ့ နည်းဗျူဟာကိုပဲကြိုက်တယ်
ဒါဟာ ကမ္ဘာနိုင်ငံအသီးသီး လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးလမ်းစဉ်မှာ ဒီနည်းလမ်းပဲအောင်မြင်တယ်
အောင်မြင်လာတဲ့ နိုင်ငံတိုင်း ဒီအတိုင်းများတယ်
3:59am
ဟုတ်ဦးဝမ်း

Maung Maung Wann
3:59am
အကြမ်းမဖက်လမ်းစဉ်ရဲ့ အဓိက အသက်က လူထုတော်လှန်ရေးပဲ
3:59am
ကျွန်တော်လဲ အဲ့လို ယုံကြည်တယ်ဦးဝမ်း
Maung Maung Wann
3:59am
လူထုဆန္ဒပြပွဲတွေ အုံကြွမှု့တွေပေါ့
4:00am
ဟုတ်
Maung Maung Wann
4:00am
အခု တူနီးရှား အီဂျစ်မှာ လုပ်တာမျိုး
4:00am
လက်တွေ့မပါသော သဘောတရားသည် အမြုံ yes i agree with you but why htet aung say UG and start to revolt with young generation in myanmar at his post
4:00am
လက်နက်စွဲကိုင်တိုက်တာတို့  ဗုံးခွဲတာတို့  UG တို့ ကျွန်တော် သဘောလုံးဝ မကျပါ။ ကန့် ကွက်ပါတယ်
တူနီးရှား အီဂျစ် တအားသဘောကျပါတယ် ဦးဝမ်း
Maung Maung Wann
4:01am
အမှန်က ယူဂျီ ဆိုတာ ဗကပတွေသုံတဲ့ဝေါဟာရပါ
4:01am
do you think young people in myanmar are ready for new revolution ko 1
Maung Maung Wann
4:01am
ညီလေး မေးတဲ့ မေးခွန်းကို အကိုသဘောနဲ့ဖြေရရင် ကာလလေး တစ်ခုစောင့်စေချင်တယ်
4:02am
ဟုတ်ကဲ့
Maung Maung Wann
4:02am
အကိုပြောခဲ့သလိုပဲ မရင့်မှည့်သေးခင်ချွှေရင် အကင်းကြွေတတ်လို့ပါ
4:02am
ဘယ်လို ကာလလေးလဲ ဦးဝမ်း
4:02am
i believe too early to say UG
Maung Maung Wann
4:03am
လူထုရဲ့ဒီရေအရှိန်ပေါ့
ဥပမာ ၈၈ မတိုင်ခင်က ငွေစက္ကူ ၊ဆင်းရဲတွင်းနက်လာတာမျိုး
အခု စစ်မှု့ထမ်းလာပြီ
ခုနလေးကပဲ သတင်းဖတ်လိုက်ရတယ် ချင်းပြည်နယ်မှာ စပြင်ဆင်နေပြီတဲ့ စစ်မှု့ထမ်းဥပဒေပေါ့
4:04am
ဟင်
ဒါတော့ ဆန်ဒပြသင့်ဘီထင်တာပဲ
လာမှာပါ
လူတွေက တော့ ငုံ့ ခံမယ် မထင်ဘူး
Maung Maung Wann
4:06am
ညီလေးရေ တပ်ဦး ကျွှံလှုတ်ရှားမှု့ကို သတိထားနော်
ဦးကျိုးတတ်တယ်
4:06am
ဟုတ်ကဲ့
ကျွန်တော်က နောက်လိုက်တာပါခင်ဗျာ
Maung Maung Wann
4:06am
တိုင်ပင် ကိုက်ပြီဆို ဘာမှတားလို့မရဘူး
4:06am
မှန်နေရင် အားလုံးကို ထောက်ခံပါတယ်
ဟုတ်ကဲ့
Maung Maung Wann
4:07am
အကိုနိုင်ငံရေး ပရောဟိတ်မလုပ်တတ်ဘူး ဒါပေမဲ့ တခုတော့ပြောလိုက်မယ် ဗမာပြည်မှာ အခု အီဂျစ် တူနီရှား ဖြစ်သလို အကြီးအကျယ် မကြာခင်ဖြစ်လိမ့်မယ်
အဲဒီအခါမှာ နိုင်ငံရေးဦးဆောင်သဘောတရားမှန်ပါစေဗျာ
တို့လိုချင်တာ ပြတ်သားပါ
4:09am
ဟုတ်ကဲ့
Maung Maung Wann
4:09am
အကိုပြောရရင် --- လွတ်လပ်တဲ့ဒီမိုကရေစီ
အကိုပြောရရင် --- လွတ်လပ်တဲ့ဒီမိုကရေစီ
တနည်းအားဖြင့် စစ်မှန်တဲ့ဒီမိုကရေစီ
နောက်တနည်းအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ
အဲဒါဟာ မဟာဗျူဟာပါပဲ

အီဂျစ် တူနီရှားဟာ အခု အာဏာရှင်တွေလက်အောက်ကနေ လစ်ဘရယ်ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲတွေဆင်နွဲနေ



အခုသူတို့ကို အနောက်ကမ္ဘာအပါဝင် နိုင်ငံတကာက ထောက်ခံနေပြီ
ဒေါ်အောင်ဆန်းစုကြည်ဟာ--လစ်ဘရယ်ဒီမိုကရေစီ သမားပါ
အဲဒါ ဦးတည်ချက် ဗျူဟာ လွဲရင် ချမှတ်တာမှားရင် တော်လှန်ရေး ကျဆုံးမှာပဲ

တိုက်ပွဲမှာ ပြည်တွင်း ပြည်ပ ဟန်ချက်ညီရမယ်
နှစ်ဘက်လုံးရဲ့အားလိုတယ်
အခု အီဂျစ်မှာ အစိုးရအဖွဲ့ ဖျက်လိုက်ရပြီ
လူထုအား နိုင်ငံတကာအား ချိတ်ဆက်မိသွားတာကိုး
သမတပါ အပြုတ်ဆက်တိုက်နေတယ်
နိုင်ငံတကာကလည်းတွန်းအားပေးနေပြီ သမတ မူဘာရတ်ကို နှုတ်ထွက်ပေးဘို့
အဲဒါ ဘာဖြစ်လို့လည်းဆိုတော့--------မူ သဘောတရားမှန်လို့ပဲ
4:19am
ဟုတ်ကဲ့
Maung Maung Wann
4:20am
ကမ္ဘာကြီးဟာ စစ်အေးခေတ်ကို ဆိုဗီယက် ကွန်မြူနစ် ကျဆုံးပြီးကထဲက ကုန်လွန်သွားပြီလို့သတ်မှတ်တယ်
အခုအားလုံးက လစ်ဘရယ် ဒီမိုကရေစီဘက်ကိုသွားနေကြတာ
4:20am
ဒီမိုကရေစီစစ်အေးခေတ်က ပေါ်တာကြာပါဘီ။ မီဒီယာတိုက်ပွဲတွေ နဲ့ ။
Maung Maung Wann
4:21am
အခုဟာက စစ်အေးလွန်ခေတ်ပေါ့
4:21am
ကျွန်တော့်သုံးသပ်ချက်အရပါ
ဟုတ်
ဦးဝမ်း
Maung Maung Wann
4:21am
စစ်အေးလွန်ခေတ်မှာ အားလုံးဦးတည်သွားနေတာ လစ်ဘရယ်ဒီမိုကရေစီပဲ
တရုတ်၊ ဗီယက်နမ်တောင်ပါသွားပြီကွာ ဘာပြောဦးမလည်း
4:22am
how about daw su ?which way she going ?
Maung Maung Wann
4:22am
နိုင်ငံရေးအပေါ်ထပ်အဆောက်အအုံ ကွန်မြူနစ်ကလွဲရင် ကျန်တာ လစ်ဘရယ်ပဲ
ဒေါ်စုသွားနေတာ အကြမ်းမဖက်နည်းနဲ့ လစ်ဘရယ်ကိုသွားနေတာ
Lovely Man
4:23am
ဒေါ်အောင်ဆန်းစုကြည်ဟာ--လစ်ဘရယ်ဒီမိုကရေစီ သမားပါ
Maung Maung Wann
4:23am
လစ်ဘရယ်ဆိုတာ ကို အကို ရောင်နီလာ ဆောင်းပါး အမှတ် ၃ မှာ နည်းနည်း ဖော်ပြထားတယ်
4:25am
ဟုတ်ကဲ့
Maung Maung Wann
4:26am
တို့ရဲ့အဓိက အခက်အခဲက သဘောတရားပြသနာကွ
4:26am
ဟုတ်တယ်အစ်ကို လူတွေက ဒီမိုကရေစီဆိုတာ ဒီမိုကရေစီပဲ သိတာ။ သူ့ နောက်ဆက်တွဲ အကျိုးရလဒ်တွေကို သိပ်သိတာမဟုတ်ဘူး။
Maung Maung Wann
4:27am
အကိုပြောသလို လူထုအုံကြွမှု့ဖြစ်လာရင် သဘောတရားလမ်းချော်ရင် သွားရော
ဒီမိုကရေစီဆိုတာလေးနဲ့မလုံလောက်ဘူး
ဘာဒီမိုကရေစီလည်း ပြတ်သားပါ
စည်းကမ်းပြည့်ဝသော----ဒါ နအဖ ဒိမိုကရေစီ
မလွတ်လပ်တဲ့ဒီမိုကရေစီ
4:28am
ဟားဟား
အမည်ခံ ဒီမိုကရေစိ
ဟုတ်
သဘောတူတယ်အစ်ကို
Maung Maung Wann
4:28am
တနည်းအားဖြင့် အာဏာရှင် စနစ်ကို ဒီမိုကရေစီ နာမည်ခံတာ
4:28am
အဲ့စကားလုံးတွေကို
Maung Maung Wann
4:28am
ဒီအတိုင်းပဲ ကွန်မြူနစ်မှာ
ပြည်သူ့ဒီမိုကရေစီ
ဒီမိုကရေစီနာမည်ခံထားတဲ့ အာဏာရှင်စနစ်
ဒါကို တို့က ဒီမိုကရေစီဆိုတိုင်း အတူတူပါပဲလို့ သတ်မှတ်လိုက်ရင် လမ်းချော်ပြီ

စာမျက်နှာတွေများနေလို့ ခွဲတင်ပေးပါရစေခင်ဗျာ...။

လေးစားစွာဖြင့်

ထက်အောင်(မလေးရှား)

No comments: